
နှစ်များစွာကြာအောင် သုတေသနစမ်းသပ်မှုတွေ၊ စံနှုန်းသတ်မှတ်ချက်တွေပြုလုပ်ပြီးတဲ့နောက် Fraunhofer Heinrich Hertz Institute ကနေ H.265 HEVC နေရာကို ဆက်ခံမယ့် မျိုးဆက်သစ် H.266/Versatile Video Coding (VCC) ကို တရားဝင် ဖြန့်ချိပေးခဲ့ပါတယ်။ ဒါဟာ အနာဂတ် Apple Device တွေရဲ့ Video တွေမှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။
လောလောဆယ်အနေနဲ့ Apple ရဲ့ iOS Device တွေမှာ H.265 ကိုအသုံးပြုပြီး Video တွေ ရိုက်ကူးပေးနိုင်ပြီး iPhone၊ iPad တွေမှာပါတဲ့ Stock Camera တွေရဲ့ Default Codec လည်း ဖြစ်ပါတယ်။ H.265 ကို အသုံးပြုတဲ့အတွက် အဓိကအားသာချက်ကတော့ Video ဖိုင်ဆိုဒ်တွေကို Quality မကျစေဘဲ သိသိသာသာ လျှော့ချပေးနိုင်တာဖြစ်ပါတယ်။
Fraunhofer HHI ရဲ့အဆိုအရ H.265/HEVC ကိုအသုံးပြုရိုက်ကူးထားတဲ့ မိနစ် ၉၀ စာ 4K UHD Video ဖိုင်တခုဟာ ခန့်မှန်းချေ 10GB လောက်ရှိတဲ့ ဒေတာတွေကို အသုံးပြုပြီးတော့ အခုအသစ်ထွက်ရှိလာတဲ့ H.266/VVC ကိုအသုံးပြုမယ်ဆိုရင်တော့ Quality ပြောင်းလဲမှုမရှိဘဲ 5GB ပဲရှိမယ့် ဒေတာကို အသုံးပြုမယ်လို့ဆိုပါတယ်။ ဒါဟာ အရင်ကထက် ဒေတာတွေ သိုလှောင်သိမ်းဆည်းဖို့ ထက်ဝက်ခန့်ထိ လျှော့ချပေးနိုင်လာတာဖြစ်ပါတယ်။
H.265/HEVC ကိုအသုံးပြုရိုက်ကူးထားတဲ့ မိနစ် ၉၀ စာ 4K UHD Video ဖိုင်တခုဟာ ခန့်မှန်းချေ 10GB လောက်ရှိတဲ့ ဒေတာတွေကို အသုံးပြုပြီးတော့ အခုအသစ်ထွက်ရှိလာတဲ့ H.266/VVC ကိုအသုံးပြုမယ်ဆိုရင်တော့ Quality ပြောင်းလဲမှုမရှိဘဲ 5GB ပဲရှိမယ့် ဒေတာကို အသုံးပြုမယ်လို့ဆိုပါတယ်
ဒီ Codec ဟာ 4K, 8K Resolution ရှိတဲ့ Video တွေကို Streaming လုပ်ဖို့ဦးတည်ပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီလိုမျိုး ဒေတာအသုံးပြုမှုတွေကို လျှော့ချနိုင်ခြင်းအားဖြစ် သုံးစွဲသူတွေအနေနဲ့ Quality ပိုမိုကောင်းမွန်တဲ့ ပုံရိပ်တွေကို ရိုက်ကူးလာနိုင်ပြီး ဒါတွေကို သိုလှောင်သိမ်းဆည်းဖို့ Storage Space တွေကိုလည်း လျှော့ချလာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Quality မြင့်တဲ့ Video တွေကို Streaming ပြုလုပ်ရာမှာလည်း Mobile Data သုံးစွဲမှုတွေကို သိသိသာသာ လျှော့ချလာနိုင်ဦးမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီ H.266/VCC codec ကို နေရာအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာဖို့တော့ အချိန်အတော်ကြာအောင် စောင့်ရဦးမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုအသုံးပြုနေတဲ့ H.265/AVC ကိုစတင်ဖြန့်ချိပေးခဲ့တာ လွန်ခဲ့တဲ့ ၂၀၁၃ ဇန်နဝါရီလကဖြစ်ပြီး လက်ရှိအချိန်ထိတောင် တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်ကြသေးပါဘူး။
iOS မှာ H.265/HEVC ကို ၂၀၁၇ စက်တင်ဘာမှာမှ Apple အနေနဲ့ တရားဝင် ထောက်ပ့ံပေးခဲ့ပြီး HEVC ကို Hardware ပိုင်းအရ Accelerate လုပ်ပေးဖို့ ထောက်ပံ့တဲ့ Mac အတွက် Graphics Card တွေကို မကြာသေးခင်ကမှ စတင်တွေ့လာရတာပါ။
iOS အသုံးပြုသူတွေအနေနဲ့ Compatible အဖြစ်ဆုံး H.264 codec ကို ပြန်လည်ရွေးချယ်အသုံးပြုခွင့်ရှိပေမယ့် 4K Video တွေကို 60fps ဒါမှမဟုတ် 240fps အနေနဲ့ ရိုက်ကူးမယ်ဆိုပါက H.265/HEVC ကို အသုံးပြုဖို့ လိုအပ်ပါတယ်။
H.266/VVC ကို အခု အသုံးပြုနေတဲ့ H.265/HEVC လိုမျိုး သုံးစွဲနိုင်ဖို့အတွက်တော့ နောက် ၇ နှစ် ၈ နှစ်ခန့်အထိ စောင့်ရနိုင်ပါတယ်။ အဲ့ဒီအချိန်မှာ iOS Device တွေအနေနဲ့လည်း 8K Video တွေကို ရိုက်ကူးနိုင်ဖို့ အဆင်သင့်ဖြစ်နေလောက်ပြီလို့ ယူဆရပါတယ်။







