ကင်မရာ၊ စျေးနှုန်း၊ ထွက်ရှိမည့်နေ့၊ အရောင်နဲ့ တခြား အချက်အလက်တွေ ထပ်မံပေါက်ကြားခဲ့ပါတယ်
iPhone 12 နဲ့ ပတ်သက်တဲ့ အချက်အလက် အပြည့်အစုံ Social Media မှာ ပေါက်ကြားခဲ့ပါတယ်။ Apple အနေနဲ့ iPhone 12 ကို လာမယ့်အပတ် October 13 ရက်နေ့ “Hi, Speed” Event မှာ မိတ်ဆက်ပေးဖို့ စီစဉ်ထားပါတယ်။ အခုထွက်လာတဲ့ သတင်းတွေအရ ကင်မရာ၊ စျေးနှုန်း၊ ထွက်ရှိမယ့်နေ့၊ အရောင်နဲ့ Storage Option တွေ ပေါက်ကြားခဲ့ပါတယ်။
ထွက်လာတဲ့ သတင်းတွေအရ 5.4 လက်မရှိတဲ့ iPhone 12 Mini အနေနဲ့ ၆၉၉ ဒေါ်လာနဲ့ စတင်မှာဖြစ်ပြီး အရောင်တွေအနေနဲ့ အဖြူ၊ အနက်၊ အနီ၊ အပြာ နဲ့ အစိမ်းရောင်တွေအဖြစ် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ Storage အနေနဲ့တော့ 64GB က စတင်မှာဖြစ်ပြီး၊ 128GB နဲ့ 256GB တို့အနေနဲ့လည်း ရနိုင်မှာပါ။ 6.1 လက်မရှိတဲ့ iPhone 12 အနေနဲ့ ၇၉၉ ဒေါ်လာနဲ့ စတင်မှာဖြစ်ပြီး အရောင်နဲ့ Storage တွေကတော့ iPhone 12 Mini နဲ့ အတူတူပဲ လို့ဆိုပါတယ်။ ဒါပေမယ့် တခြား ထွက်လာတဲ့ သတင်းတွေအရ iPhone 12 Mini အနေနဲ့ ၆၉၉ ဒေါ်လာအစား ၆၄၉ ဒေါ်လာနဲ့ စတင်လိမ့်မယ်လို့ ဆိုပါတယ်။
6.1 လက်မ iPhone 12 Pro အနေနဲ့ကတော့ ၉၉၉ ဒေါ်လာ နဲ့ စတင်ကျသင့်မှာဖြစ်ပြီး 6.7 လက်မ iPhone 12 Pro Max အနေနဲ့ ၁၀၉၉ ဒေါ်လာနဲ့ စတင်မှာဖြစ်ပါတယ်။ ဒီ iPhone 12 Pro နှစ်မျိုးအနေနဲ့ အရောင်တွေအဖြစ် Gold, Silver, Graphite နဲ့ Blue အရောင်တွေအနေနဲ့ ရွေးချယ်ရရှိနိုင်မှာ ဖြစ်ပါတယ်။ Storage အနေနဲ့ 128GB မှ စတင်မှာဖြစ်ကာ 256GB နဲ့ 512GB တို့အနေနဲ့လည်း ရွေးချယ်ရရှိနိုင်မယ်လို့ ဆိုပါတယ်။
ကင်မရာပိုင်းအနေနဲ့ iPhone 12 Pro မှာ Wide Angle, Ultra Wide Angle နဲ့ Telephoto Lens တို့ပါဝင်တဲ့ ကင်မရာသုံးလုံးနဲ့ ပွဲထွက်လာမှာဖြစ်ပြီး LiDAR Scanner လည်း ပါဝင်မှာဖြစ်ပါတယ်။ တခါပါဝင်မယ့် Telephoto Lens မှာ 7MP, F/1.6, 52mm Focal Lens ပါဝင်ပြီး System တခုလုံးပေါင်းစပ်လိုက်ပါက 4X Optical Zoom အဖြစ် ရိုက်ကူးပေးနိုင်မယ်လို့ ဆိုပါတယ်။
iPhone 12 Pro Max မှာတော့ iPhone 12 Pro အတိုင်း ကင်မရာသုံးလုံး၊ LiDAR Scanner တို့ပါဝင်ပြီး ဒီမှာပါမယ့် Telephoto Lens မှာ 7MP, F/1.6, 65mm Focal Lens ပါဝင်ပြီး System တခုလုံးပေါင်းစပ်လိုက်ပါက 5X Optical Zoom အဖြစ် ရိုက်ကူးပေးနိုင်မှာပါ။
ဒါ့အပြင် Smart HDR, Deep Fusion နဲ့ Night Mode တွေမှာလည်း တိုးတက်မှုတွေရှိလာမယ်လို့ ဆိုပါတယ်။ iPhone 12 Pro နဲ့ iPhone 12 Pro Max မှာ အဓိက ခြားနားချက်ကတော့ Sensor Size ဖြစ်ပြီး iPhone 12 Pro Max မှာ ၄၇% ပိုမိုကြီးမားတဲ့ 1.7μm Sensor ပါဝင်မယ်လို့ သိရပါတယ်။
ဒါအပြင် နောက်ထပ်ပါဝင်လာတဲ့ Features တွေကတော့ iPhone 12 Model ၄ မျိုးလုံးမှာ Dolby Vision Video Mode ပါဝင်လာမှာဖြစ်ပြီး 4G/5G Mode ကို အလိုအလျောက် ပြောင်းလဲပေးနိုင်တဲ့ Smart Data Mode လည်း ပါဝင်မယ်လို့ ဆိုပါတယ်။ ဘက်ထရီသုံးစွဲမှု ချွေတာနိုင်ဖို့ 5G Mode ကို လိုအပ်ချိန်မှသာ အသုံးပြုမယ်လို့ဆိုပါတယ်။ iPhone 12 Model အားလုံးမှာ 5G ပါဝင်မှာဖြစ်ပေမယ့် mmWave 5G ကတော့ US မှာ ရောင်းချမယ့် Model တွေမှာပဲ ပါဝင်မယ်လို့ဆိုပါတယ်။ ဒါ့အပြင် Super Retina XDR Display ကို တပ်ဆင်ပေးထားပြီး Ceramic Shield Front Cover လို့ခေါ်တဲ့ ပိုမို အကြမ်းခံမယ့် Glass ကို တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။
စိတ်ဝင်စားစရာကောင်းတာတခုကတော့ ဒီဖုန်းတွေကို ရောင်းချမယ့်နေ့တွေပဲဖြစ်ပါတယ်။
- iPhone 12 Mini အနေနဲ့ နိုင်ဝင်ဘာ ၆ ရက်၊ ၇ ရက်မှာ Pre-order လက်ခံမှာဖြစ်ပြီး နိုင်ဝင်ဘာ ၁၃၊ ၁၄ မှာ စတင်ရရှိနိုင်မှာဖြစ်ပါတယ်။
- iPhone 12 အနေနဲ့ အောက်တိုဘာ ၁၆၊ ၁၇ မှာ Pre-order လက်ခံမှာဖြစ်ပြီး အောက်တိုဘာ ၂၃၊၂၄ မှာ စတင်ရရှိနိုင်မှာဖြစ်ပါတယ်။
- iPhon 12 Pro အနေနဲ့ အောက်တိုဘာ ၁၆၊ ၁၇ မှာ Pre-order လက်ခံမှာဖြစ်ပြီး အောက်တိုဘာ ၂၃၊၂၄ မှ စတင်ရရှိနိုင်မှာဖြစ်ပါတယ်။
- iPhone 12 Pro Max အနေနဲ့ကတော့ နိုင်ဝင်ဘာ ၁၃၊ ၁၄ မှာမှ Pre-order လက်ခံမှာဖြစ်ပြီး နိုဝင်ဘာ ၂၀၊ ၂၁ မှာ စတင်ရောင်းချပေးမှာဖြစ်ပါတယ်။
သတင်းဆိုးတခုကတော့ Charger တုံး ဒါမှမဟုတ် နားကြပ် ပါဝင်လာမှမဟုတ်ဘူးလို့ ဆိုပါတယ်။
| iPhone 12 Mini, 5.4 inches | iPhone 12, 6.1 inches | iPhone 12 Pro, 6.1 inches | iPhone 12 Pro Max, 6.7 inches | |
|---|---|---|---|---|
| Processor | A14 | A14 | A14 | A14 |
| Diaplay | Super Retina XDR | Super Retina XDR | Super Retina XDR | Super Retina XDR |
| Camera | 2 | 2 | 3 + LiDAR | 3 + LiDAR |
| 4X Optical Zoom | 5X Optical Zoom | |||
| f/1.6, 52mm Focal Length | f/1.6, 65mm Focal Length | |||
| Video | Dolby Vision Video Recording | Dolby Vision Video Recording | Dolby Vision Video Recording | Dolby Vision Video Recording |
| Color | Black, White, Red, Blue, Green | Black, White, Red, Blue, Green | Gold, Silver, Graphite, Blue | Gold, Silver, Graphite, Blue |
| Capacity | 64GB/ 128GB/ 256GB | 64GB/ 128GB/ 256GB | 128GB/ 256GB /512GB | 128GB/ 256GB /512GB |
| Price | Starting from $699 | Starting from $799 | Starting from $999 | Starting from $1099 |
| Pre-Order Date | November 6, 2020 | October 16, 2020 | October 16, 2020 | November 13, 2020 |
| Available Date | November 13, 2020 | October 23, 2020 | October 23, 2020 | November 20, 2020 |







