GadgetsNews

Facebook နဲ့ Ray-Ban တို့ ပူးတွဲထုတ်မယ့် Smart မျက်မှန်ရဲ့ပုံများ ပေါက်ကြားလာ

Facebook နဲ့ Ray-Ban တို့ ပူးတွဲထုတ်မယ့် Smart မျက်မှန်ရဲ့ပုံတွေ မိတ်မဆက်ခင်လေးမှာပဲ ပေါက်ကြားလာပါတယ်။ ဒီ Smart မျက်မှန်ကို September 9 ရက်နေ့မှာ မိတ်ဆက်ပေးဖို့ စီစဉ်ထားတာပါ။

ဒီမျက်မှန်တွေကို Ray-Ban Stories လို့ ခေါ်ထားပြီး ဘူးခွံပေါ်ကလွဲ တခြားနေရာတွေမှာ Facebook ရဲ့အမှတ်သင်္ကေတတွေ ပါဝင်လာတာ မတွေ့ရပါဘူး။ ဒီပေါက်ကြားလာတဲ့ ပုံတွေထဲမှာ Wayfarer, Round နဲ့ Meteor Frame ၃ မျိုး ပါဝင်တာတွေ့ရပါတယ်။ ဒါတွေက Ray-Ban ရဲ့ Design တွေနဲ့ အတူတူနီးပါဖြစ်ပြီး ဘေးတဖက်တချက်စီမှာ ကင်မရာတခုစီပါဝင်တာပဲ ကွာပါတယ်။ ဒါ့အပြင် ဒီကင်မရာတွေကို ထိန်းညှိလုပ်ဆောင်ဖို့ ညာဘက်မျက်မှန်ကိုင်းရဲ့ အပေါ်ဘက်မှာ ခလုတ်တခု ပါဝင်ပါတယ်။

ဒီမျက်မှန်တွေမှာ လူအများစိတ်ကူးယဉ်လိုချင်နေကြတဲ့ AR Display တွေတော့ပါဝင်ခြင်းမရှိပါဘူး။ ဒီလိုမျိုး AR Display တွေပါဝင်တဲ့ မျက်မှန်တွေထုတ်နိုင်ဖို့ထိ လုပ်ဆောင်သွားမယ်လို့ Facebook CEO Mark Zukerberg က ပြောကြားထားပါတယ်။လောလောဆယ် ဒီမျက်မှန်တွေက ဘာတွေလုပ်ဆောင်ပေးနိုင်မလဲဆိုတာကတော့ မသိရသေးပါဘူး။။ ဒါပေမယ့် ဒီမျက်မှန်တွေ ဘာလုပ်နိုင်မလဲဆိုတာ ဒီနေ့မှာပဲ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။

Source
@evleaks
Back to top button