iPhone 13 ထွက်ဖို့ ရက်ပိုင်းအလိုမှာ iPhone 14 ရဲ့ ပုံတွေ ပေါက်ကြားလာ

လာမယ့် September 14 ရက်မှာ iPhone 13 ကို မိတ်ဆက်ပေးဖို့ Apple က ကြေငြာထားပါတယ်။ ဒါပေမယ့် ဒီလိုမိတ်ဆက်ပေးဖို့ ရက်အနည်းငယ်အလိုမှာပဲ လာမယ့် ၂၀၂၂ မှာထွက်မယ့် iPhone 14 ရဲ့ ဒီဇိုင်းပုံတွေ ထွက်ပေါ်လာပါတယ်။ အရင်ကလည်း Apple နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖော်ထုတ်ပေါက်ကြားခဲ့ဖူးပြီး တော်တော်များများလည်း မှန်လေ့ရှိတဲ့ Jon Prosser ကနေ ဒီ iPhone 14 ရဲ့ ပုံကို သူ့ရဲ့ Front Page Tech Website မှာပြသခဲ့တာပါ။ နောက်ပြီး YouTube မှာလည်း ဒီသတင်းကို ကြည့်နိုင်ပါတယ်။ ဒီပုံဟာ အပြင်မှာ လက်တွေ့ထုတ်ထားတဲ့ နမူနာပုံတော့မဟုတ်ဘဲ 3D Design နဲ့ဆွဲထားတဲ့ ပုံတွေပဲဖြစ်ပါတယ်။

Jon Prosser ရဲ့အဆိုအရ iPhone 14 မှာ Notch ပါဝင်လာခြင်း မရှိတော့ဘဲ တချို့ Android Smartphone တွေလို Screen မှာ အပေါက်ဖောက်ထားတဲ့ Punch Hole Camera အနေနဲ့ ပါဝင်လာပါတယ်။ ဒီအတွက် FaceID က ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ပြောကြားသွားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် Apple အနေနဲ့ FaceID ကို Screen ရဲ့အောက်ကိုထားနိုင်ဖို့ ကြိုးစားနေတာတော့ ကြာပါပြီ။ သုံးသပ်သူတချို့ရဲ့ အဆိုအရတော့ ဒီ Design ဟာ နောက်ဆုံးဒီဇိုင်းမဟုတ်ဘဲ FaceID ကို Screen အောက်ထားနိုင်ဖို့ဟာလည်း နှောင့်နှေးနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

iPhone 14 ဟာ တခြား iPhone 12 တို့ iPhone 13 တို့ထက် ပိုထူပြီး ဘေးအနားတွေကိုလည်း Titanium နဲ့ ပြုလုပ်ထားမယ်လို့ ဆိုပါတယ်။ နောက်ကျောဘက်ကင်မရာတွေအနေနဲ့လည်း အရင်လိုအပြင်ကို ထွက်မနေတော့ဘဲ မျက်နှာပြင် တညီတည်းရှိနေတာ တွေ့ရပါတယ်။ နောက်ပြီး Volume ခလုတ်တွေဟာလည်း အရင် iPhone 4 iPhone 5 တို့လို စက်ဝိုင်းပုံခလုတ်တွေဖြစ်လာပြီး နောက်ကျောဘက် Apple Logo ဟာလည်း မှန်အောက်မှာ ရှိနေမှာပါ။ Apple အနေနဲ့ iPhone 4 တို့တုန်းကဒီဇိုင်းဆီကို ပြန်သွားတဲ့ပုံစံပါပဲ။ အောက်ခြေမှာရှိတဲ့ Speaker ပေါက်တွေဟာလည်း ခုလက်ရှိ iPhone တွေလို အပေါက်တခုချင်းဆီမဟုတ်တော့ဘဲ Earpiece Speaker ပုံစံ ရှည်မြောမြော အပေါက်တခုအနေနဲ့ ပြုလုပ်ထားတာ တွေ့ရပါတယ်။ ဒါကလည်း iPhone 4 တို့တုန်းကလို ဒီဇိုင်းပဲဖြစ်ပါတယ်။ တခြားပါဝင်တဲ့ Specifications တွေတော့ မသိရသေးပါဘူး။

iPhone 13 တောင်မထွက်သေးချိန်မှာ iPhone 14 ရဲ့ ဒီ Design ဟာ အတည်ဖြစ်ဖို့ မသေချာနိုင်ဘူးလို့ ယူဆလို့ရသလို Apple ရဲ့ iPhone 12 Design ကို ကြည့်ခြင်းအားဖြင့် ဒီလို Design နဲ့ ပွဲထွက်မလာဘူးလိုလည်း ပြောလို့မရပါဘူး။ သေချာတာကတော့ နောက်ထပ် ၁ နှစ်နီးပါ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Source
FPT
Exit mobile version